သင်္ကြန်ရောက်တောမည် .............

ဘာလိုလိုနဲ့ နှစ်ကူရဲ့ တခူးလကို နောက်တစ်ခေါက်ထက်ရောက်လို့ လာခဲ့ပြန်ပါပြီ ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ ကိုယ့်မွေးရက်မြေက နှစ်ကူးလေးကိုလွမ်းမိခဲ့ရပြန်တယ်။

သင်္ကြန်မှာကျွေးတဲ့ မုန့်လုံးရေပေါ် နဲ့ ရွှေရေအေး၊ သင်္ကြန်ထမင်း တွေလိုက်စားတဲ့ နေ့များဟာ မဏ္ဍများနဲ့ မစီကားပေမဲ့ သူ့ဟာနဲ့သူတော စီကားပျော်ရွှင်နေခဲ့ပါတယ်/ကျပါတယ်။

ရန်ကုန်သင်္ကြန်လို ကားတွေနဲ့ မဏ္ဍတွေမှာ သီချင်ဖွင့်ပြီး မကဲရတာတော တိုတိုမြို့သာတွေ ပျင်းတယ်လို့ပြောမှာပေါ့ သင်္ကြန်အချိန် မှာဆို လူငယ်၊ လူကြီး တွေအားလုံး ဘုရားဖူးသွားကျ ကန်းချေတွေသွားလည်ကျနဲ့ တခါတလေကျတော ပျင်းစရာတောင် ကောင်တယ် ဘယ်လိုပဲဖြစ်ဖြစ် တို့မြန်မာသင်္ကြန်ကိုပဲ လွမ်းတယ်။

တို့ဒီသင်္ကြန်မှာနောက်တစ်ခေါက် ကဲ့ကျမယ် သူငယ်ချင်းများအားလုံးကို နှစ်သစ်ကူ ကြိုဆို ရောက်တောမယ်ဆိုတဲ့ ကသိလေး ပေးရင်း ကိုယ်လဲရင်ဖွင့်ရင်နဲ့ပေါ့.....

အတာတကူး ရဲ့ နှစ်ကူးလေးမှာပျော်ရွှင်နိုင်ကျပါစေခဗျာ............

Zawgyi-One ခေတ်ကုန် Myanmar3 လူသုံးများလာတောမည်...



မြန်မာစာစီ စာရိုက်တွင် အခုလူသုံးများသော မြန်မာ(Zawgyi-Oen) ဖွန့်ကို တချို့ မသုံးချင်၊ မကြိုက်ကျတောဘူးလို့ အချို့ကပြောနေကျပါတယ်။

Zawgyi ကာမြန်မာယူနီကုတ်လို့ ပြေပေမဲ့ ကဲ့ယူနီကုတ် အစစ်မဟုတ်ပါဘူး (Myanmar3) ကသာ တကဲ့ ယူနီကုတ် အစစ်ဖြစ်ပါတယ် Zawgyi နဲ့ မြန်မာသရီးရဲ့ ကွာခြားမှုမှာ Zawgyi က သူ့ကိုတွဲရိုက်ဖို့ Shift+Ctrl+Alt တို့ % ဒါမျိုးတွေနဲ့တွဲသုံး ရပြီး စာလုံးပုံစံလှပါတယ် ရိုက်ချင်သလိုသာ ရိုက်နိုင်ပြီး ယခု ၂၀၁၀၊ ၂၀၁၁အထိတော လူသုံးများ အကြိုက်များနေတုန်းပါ ယခုနောက်ပိုင်းမှာတော မြန်မာသရီး ကိုပဲ အချို့သုံးကျတောမယ်လို့လဲ ပြောနေကျပါတယ်။

မြန်မာသရီး က မြန်မာယူနီကုတ် အစစ်ဖြစ်ပြီး အစိုးရက ထုတ်ထားတာဖြစ်ပါတယ် သူ့ကိုရေးမယ်၊ ရိုက်မယ်ဆိုရင် ဇော်ဂျီဝမ်းလို ရိုက်ချင်သလိုရိုက်လို့ မရပါဘူး သူ့စီးကန်း စီးစနစ်နဲ့ အတိုင်းသာ မရိုက်ရင် အဲ့စာတွေလဲ အတွဲမမိပဲ နေရာမပေးဘူး မှာနေသလိုပြနေပါလိမ့်မယ် နောက်ပြီးတော ရိုက်ရတာလဲ လွယ်ကူပါတယ် ဇော်ဂျီဝမ်းမှာတော သူ့ကိုတွဲရိုက်ဖို့ Shist+Ctrl+Alt တို့ % မျိုးတွေနဲ့တဲ့ရိုက်ရပါတယ် မြန်မာသရီးမှာတော သူ့ကို Shift တစ်မျိုးတည်း ကိုသာ တွဲသုံးရပါတယ်

နောက်ပြီး မြန်မာသရီးကနေ ဇော်ဂျီကို အခြား ဖွန့်ကို Myanmar conveter နဲ့ ပြောင်းချင်ရင်လဲ စိတ်ချရပါတယ် ဇော်ဂျီနဲ့ဆိုရင် စာရိုက်နည်းကို မှန်မှန်ကန်ကန် သာမရိုက်ထာင်းရင် ဖတ်လို့တောင် မရတာမျိုးတွေ မှားတာမျိုးတွေ ဖြစ်တတ်ပြီး ယခုထိလူသုံးများနေခြင်ဖြစ်ပါတယ်။

ဇော်ဂျီဝမ်း ကိုယခုသုံးနေတဲ့ သူငယ်ချင်းများ ၊တို့ကို အသိပေးလိုပါတယ် နောက်ဆို Zawgyi-One ဟာ Winburmese လိုမျိုးပဲ လူသုံးနည်း ပြီး ရောင်တွေမှေးမှိန်သွားမှာဖြစ်တယ်လို့ လဲ ပြောနေကျပါတယ်။

MYANMAR3  DOWNLOAD...

ကွန်ပျုတာမှာ သုံးထားခဲ့တဲ့ အချက်လက်တွေကျန်မနေခဲ့အောင်ရှင်းမယ်....


C Cleaner အကြောင်းကတော့ အထူးပြောစရာ မလိုတော့ဘူးလို့ထင်ပါတယ် ကျွန်တော်တို့ အင်တာနက်သုံးတဲ့နေရာမှာ IE, Firefox စတဲ့ Browser တွေနဲ့သုံးကြတယ် အွန်လိုင်းကနေ ဈေးဝယ်ချင်လည်း ဝယ်ကြမယ် (ကျွန်တော်တော့ မဝယ်နိုင်ပါ) ......း)း)
အဲလိုသုံးကြတဲ့နေရာမှာ Bank Account တွေလည်း သုံးကြရမယ် အကြွေးဝယ်ကဒ်ရဲ့ နံပါတ်တွေ လျှို့ဝှက်နံပါတ်တွေ ရိုက်ထည့်ပေးရတာမျိုးတွေရှိတယ်...။
အီးမေးလ်သုံးကြတယ် Password တွေရိုက်ထည့်ပေးရတယ် ပြီးတော့ ကိုယ်ဝင်ကြည့်ထားတဲ့ Website တွေ အချက်လက်တွေ စသည်စသည်ဖြင့် အများကြီးပေါ့ဗျာ အဲဒီလို အချက်လက်တွေကို ကွန်ပျုတာမှာ ကျန်မနေခဲ့အောင် ရှင်းတဲ့နေရာမှာ C Cleaner ကိုသုံးကြပါတယ်...။
သုံးရတာတော့ လွယ်ပါတယ် ဘယ်လိုသုံးရမလဲဆိုတာတော့ နည်းနည်း ရှည်လိုက်ဦးမယ်...း)

အထက်က ကျွန်တော်ပြောခဲ့သလို အချက်လက်တွေမကျန်ခဲ့အောင် ဘယ်လိုရှင်းမလဲ အောက်မှာ ကြည့်ပါ...


(1) ကအတိုင်း Cleaner ကိုကလစ်ပေးပါ...
(2) Analyze ကိုကလစ်ပေးပြီး....
(3) မှာပြထားသလို Run Cleaner ကိုကလစ်ပေးလိုက်ရုံပါပဲ
Windows Tab အောက်က အချက်လက်တွေကို ရှင်းပြီးရင် Application Tab အောက်က အချက်လက်တွေအတွက်လည်း ဒီအတိုင်းပါပဲ...။

CCleaner သုံးပြီး Registry ကိုပြင်ဘို့ကတော့ အောက်က အဆင့်လေးတွေအတိုင်းသွားလိုက်ပါ...


(1) Registry ကိုကလစ်...
(2) scan for Issues ကိုကလစ်ပေးပြီး...
(3) Fix Selected Issues ကိုကလစ်ပေးပါ...
(4) Yes ကိုကလစ်ပေးပြီး နောက်တစ်ဆင့်မှာတော့ Registry Backup file ကို save ပေးလိုက်ပါ...


ဒီအဆင့်မှာတော့ ပြထားတဲ့အတိုင်း Fix All Selected Issues  ကိုကလစ်ပေးလိုက်ပါ...

CCleaner မှာ ဒီလိုလုပ်လို့ရတာတွေတင်ပဲလား ဆိုတော့ မကသေးပါဘူး Tool မှာ ပါတဲ့ Startup နဲ့ Uninstall ဆိုတဲ့ tool နှစ်ခုရဲ့ စွမ်းဆောင်မှုကလည်း CCleaner ကိုအကြိုက်တွေ့ကြရတဲ့ အချက်တွေထဲမှာ ပါနေပြန်ပါသေးတယ်...
Startup ကဘာတွေလုပ်ပေးသလဲဆိုရင် Windows Loading လုပ်ချိန်ကြာရတဲ့ အကြောင်းရင်းကိုတော့ သိမှာပါ တကယ်လိုအပ်တဲ့ Program မဟုတ်ပဲ Windows တက်လာတာနဲ့ စဘို့ကျွန်တော်တို့ခိုင်းထားတဲ့ program တွေကြောင့်ပါပဲ အဲလို မလိုအပ်တာတွေကို Windows ကရှာနေရလို့ ကြာတာပါ Anti virus လိုမျိုးကလွဲလို့ ကျန်တဲ့ program တွေကို stratup မှာ ပိတ်ထားရင် Windows တက်တာမြန်ပါတယ်...။


(1)Tool ကိုကလစ်ပါ..
(2) startup ကိုကလစ်ပေးပါ...
(3) မှာတော့ Windows စတာနဲ့ အလုပ်လုပ်ဘို့ မလိုအပ်တဲ့ program ကိုကလစ်ပေးပြီး
(4) ကအတိုင်း Disable ပေးထားလိုက်ပါ Windows တက်ချိန်မြန်ဆန်လာပါလိမ့်မယ်...



Uninstall Tool ကတော့ မလိုအပ်တဲ့ program တွေကို ဖြုတ်ပစ်ဘို့ရန်အတွက် သုံးရပါတယ်...
ပုံထဲမှာ ပြထားတဲ့ နံပါတ်စဉ်လေးတွေအတိုင်း လုပ်သွားလိုက်ပါ....။
CCleaner ဟာလည်း ကွန်ပျုတာတစ်လုံးမှာ ရှိထားသင့်တဲ့ Software တစ်ခုပါပဲခင်ဗျာ...

ဒီနေရာလေးမှာ  သွားရောက် Download လုပ်ယူလိုက်ကြပါခင်ဗျာ...

အားလုံး အဆင်ပြေကြပါစေ...
FOREVER FRIENDS ထာဝရသူငယ်ချင်းများ


Chiang mai ,fang ,mae Nam fang National Park



ထိုင်းနိုင်ငံချင်းမိုင်မြို့ ဖန်မြို့နယ် ဒွဲအားခန်း တောင်ပေါ်ပန်းခြံလေးတစ်နေရာဖြစ်ပါတယ် ထူးဆန်း၊ ရှားပါးတဲ့ပန်းမျိုးတွေ လှိုင်လှိုင်ဝေဖြာပွင့်နေတဲ့ ပန်းခြံကြီးရဲ့ (စွန်စစ် /စွန်၁၀) ဆိုတဲ့စာလုံးကြီးကြီးဟာ အဓိပ္ပယ်ရှိစွာနဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ဆောင်လုပ်ထားတယ်လို့ ရွာခံများက ပြောပါတယ်။

ပန်းပေါင်းမျိုးစုံနဲ့ ပန်းခြံပုံစံမအမျိုးမျိုးကို ပြုလုပ်ပြီး သာရာစီကားအောင် ဖန်တီးထားပြီး အချို့နေရာတွေမှာ မိုးကာတဲ့အိမ်လေးတွေနဲ့ ညအိပ်တာမျိုးတွေလည်းရှိပါတယ် လုံခြုံရေးရှိအောင်လည်း မီးသီးများ ဘေးပတ်ဝန်းကျင်မှ ခြံစီးရိုးများနဲ့ စနစ်တကျပြုလုပ်ထားတာကို တွေ့ရပြီး ချစ်သူစုံတွဲအတွက်တော အကောင်းဆုံးနေရာလေးပေါ့နော်။
(မြန်မာ) ရှမ်းပြည်နယ် တရုတ်နိုင်ငံနဲ့ အနီးဆုံးနေ့ရာ ဖြစ်ပြီး သိသလောကတော့ ရှမ်းလူမျိုးအများစုရှိတဲ့ ဒေသနယ်မြေလည်းဖြစ်ပါတယ်။

ဆောင်းရာသီဆို အလွန်အေးပြီး ချယ်ရီပန်းများမျိုးစုံ အဖြူ ၊အနီ ၊အပန်းရောင်မျိုးစုံစွာပွင့်ပြီး အကွေ့အကောင်းများတဲ့တောင်ပေါ်လမ်းကလေး တစ်လျှောက်မှာ သာရာလှပစွာနဲ့ ဆောင်းရာသီ ဧည့်သည်များကို ကြိုဆိုလို့ သဘာဝအလှများကို သဘာဝဖန်တီးထားပါတယ်။

နွေရာသီမှာတော နေ့လည် ၊မွန်းတည့် အချိန်တွေမှာ အလွန်ပူပျင်းပြီး ညဘက်မှာလေ ပြေတိုက်ခက်မှုကြောင့် နေလို့ကောင်းပါတယ် ရွာမှနေထိုင်သူများမှာ တောင်ယာ စိုက်ပျိုးရေး လင်းကြည်၊ လိုင်ချီး၊ လိမ္မော် ဟင်းသီးဟင်းရွက်အနည်းငယ်နဲ့ အိမ်စားသုံးရန် ကောက်ညှင်းများနဲ့ တောင်ယာဆံနီများကိုသားစိုက်ပျိုး၏ကြပါတယ်။
ဒီရွာတစ်စုရဲ့ အိမ်ချေမှာ ၂၀ထက်ကျော်လွန်မှ ၂၁အိမ်လောက်သာရှိ့ပြီး ဟိုအရင်ကတော လျှက်စစ်မီး များမရှိလို့ ဆိုလာပြားတွေကိုသာသုံးဆွဲပြီး တီဗွီကြည့် အလင်းရောက်သုံး ကြရပြီး အခုချိန်မှာတော လျှက်စစ်မီးထိမ်ထိမ်လင်းပြီး အိမ်တိုင်းလိုလို ဂြိုလ်တုစလောင်းများတတ်ဆင် သုံးစွဲနေနိုင်ကြပါတယ်။

လင်းကြည်သီးတွေ သီးချိန်မှဲ့ချိန်မှာတော ခူးယူပါကင်သွတ်ကာ ချင်းမိုင်မြို့ တစ်နေရာမှာ သွင်းယူရောင်းချကြပါတယ်။
ဒီမျို့နယ် ၊ကျေးရွာလေးကိုရောက်ရှိခဲ့တဲ့ ကျနော့်အမှတ်တရလေးများနဲ့ မှတ်တန်းလေးများကို စုဆောင်းပြီးဖော်ပြထားပါတယ်။

၀၃-၀၂-၂၀၁၁

အသက်မွေးဝမ်းကျောင်း သင်တန်းသားသစ်များ ခေါ်ယူခြင်း

ကွန်ပျူတာ
ဂရပ်ဖစ်ဒီဇိုင်းနှင့် ပုံနှိပ်လုပ်ငန်း-   ဓါတ်ပုံပြုပြင်ဖန်တီးခြင်း ကွန်ပျူတာဖြင့် ရုပ်ပုံများ ဖန်တီးရေးဆွဲခြင်း  စာအုပ် လေးအောက်ဒီဇိုင်း ပြုလုပ်ခြင်း အခြေခံမှ လုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးသွားမည်။ 

သင်တန်းကာလနှင့် သင်တန်းအချိန်ကို သင်တန်းသားများနှင့် ညှိနှိုင်းသတ်မှတ်သွားမည်။ ဆရာ ကျော်ဝင်း- 085 7086  562 ဆရာ စိုင်းအောင်လင်း- 084 4946 853

စက်ချုပ်

အခြေခံစက်ချူပ်နှင့် ဒီဇိုင်းထုပ်ခြင်း အခြေခံစက်ချုပ်နည်း ( ) (အခြေခံအိမ်သုံး အဝတ်အထည်အမျိုးမျိုး) အဆင့်မြင့် ( ) အမျိုးသား၊ အမျိုးသမီးဝတ် အဝတ်အစားများ)

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသအတေး (တစ်ပတ် () ရက်)မနက်ပိုင်းအတန်း (၉း၀၀ မှ ၁၂း၀၀) နေ့လည်ပိုင်းအတန်း (၁း၀၀ မှ ၄း၀၀) ဆရာမ ဒေါ်စန်းစန်းအုန်း-086 6723 985
Kan Thong (ထိုင်း) -082 8885 194

BEAM School:
103, Viang Ping Road
Mu Ban Intranurat
Tanbon Chanklan
Chiang Mai 50100BEAM School:
103,Viang Ping Road
Mu  Ban Intranurat
Tanbon Chanklan
Chiang Mai 50100



powered by Blogger | WordPress by FThemes | Converted by BloggerTheme