ပုံပြင်သို့မဟုတ်


``တောထဲကိုဝင်သွားရင် တိတ်ဆိတ်နေတာပဲ။
ဘာဖြစ်လို့လဲဟင်´´
‘‘ တိရစ္ဆာန်တွေ ဖိနပ်မှမစီးဘဲ’’
+++++++++++++++
“ ရောဂါဖြစ်တာချင်းအတူတူ ဘယ်ရောဂါက
ပိကောင်းလဲဟင် ’’
‘‘ ပိုက်ဆံချမ်းသာပြီး ရောဂါဖြစ်တာက
ဆင်းဆင်းရဲရဲနဲ့ ရောဂါဖြစ်ရတာထက်
ပိုကောင်းတာပေါ့ ’’
++++++++++++++++
‘‘ မိန်းမဖြစ်သူ အိမ်ကို အချိန်မတော်ပြန်ရောက်လာရင်
တခြားလူနဲ့ ဖောက်ပြားတယ်လို့ စွပ်စွဲသင့်သလား ’’
‘‘ အရမ်းမစွပ်စွဲနဲ့။ ခင်းဗျာရဲ့နာရီ
အချိန်မမှန်တာ ဖြစ်နိုင်တယ်။ ’’
++++++++++++++++
‘‘ ဟောကိန်းထုပ်တာတွေကို ယုံသင့်သလားဟင် ’’
‘‘ မယုံနဲ့။ဘာနဲ့အဆုံးသတ်မလဲဆိုတာ
ဘုရားသင်ခင်ကိုယ်တိုင်ကသိချင်နေတာ ’’
++++++++++++++++++
“ ဟာသကောင်းတစ်ခုဟာ ဟောင်းသွားနိုင်သလား ”
“ ဘယ်တော့မှမဟောင်းဘူး။
ပြောတဲ့သူပဲ ပြောင်းသွားတယ် ”
+++++++++++++++++++
“ ကိုယ့်လိုပ်အားရဲ့ ရလဒ်ကို ချက်ချင်းမြင်းချင်ရင်
ဘာလုပ်မလဲ ”
“ ပန်ကန်ဆေးလိုက် ”
++++++++++++++++++++
“ ယောက်ျားကောင်းဆိုတာ ဘယ်လိုလူမျိုးလဲဟင် ”
“ မိန်းမက ဟောင်တဲ့အခါတိုင်း
`မြောင်’ လို့ ပြန်ထူးတဲ့လူ ”
+++++++++++++++++++++
“ အပြောနဲ့အလုပ် ညီရအောင် ဘယ်လိုနေရမလဲဟင် ”
“ ဘာမှမပြောနဲ့။ ဘာမှမလုပ်နဲ့ ”
+++++++++++++++++++++
“ ဘယ်သူ့ဆီက ငွေချေးတာ အကောင်းဆုံးလဲဟင် ”
“ အဆိုးမြင်သမားဆီကချေး။ ပြန်ရမယ်လို့
ဘယ်တော့မှ မမျှော်လင့်ဘူး ”
++++++++++++++++++++
“ ၀တဲ့သူတွေ ဘာကြောင့်ရန်မဖြစ်ချင်တာလဲဟင် ”
“ ပြေးရတာခက်လို့ ”
++++++++++++++++++
``နောက်ဆုံးကျမှ ရယ်တာကောင်းတယ်လို့
ပြာကြတယ်။ ဘာဖြစ်လို့လဲဟင် ´´
``ဟာသရဲ့အဓိပ္ပာယ်ကို စဉ်းစားချိန်ရတာပေါ့ ´´
+++++++++++++++++++
`` ညီမျှခြင်းဆိုတာ ရှိကောရှိရဲ့လားဗျာ ´´
``ရှိတာပေါ့။ သင်္ချာမှာလေ ´´
+++++++++++++++++
``ဟာသဇာတ်ကားကို ဘယ်သူနဲ့အတူကြည့်သင့်လဲဟင် ´´
``အဲ့ဒီဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာနဲ့ပေါ့။
ဘယ်နေရာမှာ ရယ်ရမလဲဆိုတာ သူအသိဆုံးလေ ´´
++++++++++++++++++++
``လယ်လိုအခြေနေမျိုးမှာ အားနည်းသူကို
မစော်ကားသင့်ဘူးလဲဟင် ´´
``သူက ကိုယ့်ထက်အာသာနေရင်ပေါ့ ´´
++++++++++++++++++++
``ခွေးတွေစကားပြောတတ်လာရင်
ဘာဖြစ်သွားမယ်ထင်လဲ ´´
``ကျွန်တော်တို့ရဲ့ နောက်ဆုံးမိတ်ဆွေက်
ဆုံးရှုံးလိုက်ရမှာပေါ့ ´´
+++++++++++++++++++++
``အမှာမလုပ်တဲ့လူ ရှိလား ´´
``ရှိတယ်။ ကြက်ခြေခတ်ပြီး
လက်မှတ်ထိုးတဲ့လူ ´´
+++++++++++++++++
`` စာအုပ်ကို ကျွန်တော်တို့ ဘာကြောင့်
ချစ်ကြတာလဲ ´´
``အသံတိတ်မိတ်ဆွေကိုးဗျား ´´
+++++++++++++++++++++
``နိဗ္ဗာန်နဲ့ငရဲ ဘာကွာခြားသလဲဟင် ´´
``စာရေးဆရာကြီးတစ်ယောက်က
ပြောဖူးတယ်။ နိဗ္ဗာန်မှာဖဲထုပ်ရှာလို့ ရတယ်။ ဒါပေမဲ့
ကစားဖော်ကို ရှာမရဘူး။ ငရဲမှာ
ကစားဖော်တွေ အများကြီး ဖဲထုပ်မရှိဘူးတဲ့။ ´´
++++++++++++++++++++
`` အသက် ၄၀ နောက်ပိုင်းမှာ မိန်းမတွေဘာကို
မုန်းသလဲ ´´
``အသက် ၄၀ ကျော်ရင်
မှတ်ပုံတင်းကတ်ပြားကို၊ ၅၀ ကျော်ရင် မှန်ကို၊
ပင်စဉ်ယူပြီးရင် ယေက်ျားကို မုန်းကြတယ်လို့
ကြားဖူးတာပဲဗျာ ´´
+++++++++++++++++++++
``ကိုယ်အကြွေးပေးစရာရှိတဲ့လူနဲ့တွေ့ရတာ
နှစ်သက်စရာကောင်းတယ်တဲ့ ဟုတ်လား ´´
``ဟုတ်တယ်။ ခင်ဗျားရဲ့
ကျန်းမှာရေးနဲ့ပတ်သက်လို့ သူတို့ပဲ
တကယ်စိုးရိမ်စိတ်နဲ့ မေးကြတာကိုးဗျား ´´
ဝတ္ထုစာအုပ်တစ်အုပ်မှ(copy)