ချင်းမိုင်ရေတံခွန်ရောက် အမှတ်တရ


ချင်းမိုင်ရေတံခွန်ရောက် အမှတ်တရလေးများ အားအားနေ့ လျှောက်သွားနေတယ်လို့ပဲ ထင်ချင်ရင်လဲ ထင်ပေါ့နော် တို့ကတော့သွားမှပဲ အားကျရင်လဲ အတူတူသွား ကျအောင်နော် တစ်ယောက်တည်းပဲ ပျင်းလို့ပါ သူုငယ်းများသို့ အမှတရ....

ခေတ်နဲ့အညီပေါ့


 တစ်ခါတလေ ပျော်ရွှင်မှုလေတွေရရှိခဲ့တာပေါ့ဗျာ ထိုင်းနိုင်ငံထိုင်းလူမျိုးတွေရဲ့ လက်ဘက်ရည်ဆိုင်းလို့တောင် ပြောလို့ရတယ် မြန်မာပြည်မှာဆို လက်ဘက်ရည်ဆိုင်တွေက အရက်ဆိုင်ထက်ပိုများတယ် ဒီမှာကျတော လက်ဘက်ရည်ဆိုင်က လိုက်ရှာလို့တောင်မတွေ့ဘူး အရက်ဆိုင်က အိမ်ရှေ့တစ်ဆိုင် အိမ်နောက်ဘေးတစ်ဆိုင် ရပ်ကွက်တစ်ခုမှာ အရက်ဆိုင်များလွန်းတယ်။

ကိုယ့်ရက်ကွက်ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကိုသွားရင် လမ်းမအတိုင်း ဖြောင့်ဖြောင့်သွာပြီ တစ်ဆိုင်တစ်ခွက်ပဲ သောက်သွားကြည့်ပါ ရက်ကွက်ထိပ်ကိုရောက်ရောက်ရင် မှုးပြီးမှောက်နေလောက်တယ် ဒီလိုနေရာမှာတော့ အနည်းဆုံးဘီယာတောင် မသောက်တတ်ရင် ခေတ်မမှီသလိုပဲ အဲ့လိုနဲ့ပဲ ကောင်းမှန်းသိခဲ့တာပါပဲခဗျား.....

ပြီးခဲ့လေပြီသော တန်ဆောင်မုန်း မီးထွန်းပွဲတော်/၂၀၁၀


ပြီးခဲ့လေသော တန်ဆောင်တိုင်ရဲ့ မီးထွန်း၊မီးပုံးလွှတ်ပွဲတော်လေး နှစ်ဟောင်းကုန်လို့ နှစ်သစ်ဝေခဲ့တာလဲ များလှပြီပေါ့။ အဟောင်းတွေ ပြောင်းလို့ အသစ်တွေဖြစ်လဲ့တာတွေများခဲ့ပေမဲ့ မမေ့နိုင်သေးတဲ့ အမှတ်တရများစွာနဲ့ လွမ်းနေရင်း။

နှစ်စဉ်နှစ်တိုင်း ကျင်းပနေတဲ့ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရဲ့ မီးထွန်းပွဲတော်လေး သုံးရက်တိတိစီကားလှပစွာနဲ့ပြီးဆုံးခဲ့ပါတယ်။ ဒီလိုပျော်ရွှင်ဖို ဒီလိုနေ့မျိုးတွေကိုစောင့်မျှော်ရင်း ရောက်ရှိ့လာတိုင်း မမေ့နိုင်သေးတဲ့ မနှစ်ကအကြောင်းလေးများကို အခုထိလွမ်းနေရဆဲပေါ။

ဒီလိုနေ့တွေမျိုးမှာ သူငယ်ချင်းများအားလုံးပဲ ပျော်ရွှင်နိုင်ပါစေဗျာ....

Royal Chiangmai Golf Fesort /ဘုရင်မပန်းခြံ


ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ (Royal Chiangmai Golf Fesort) ပန်ခြံရဲ့ အမှတ်တရ ပုံရပ်လေးများနဲ့ ပျော်ရွှင်စာနဲ့ အလယ်တစ်ခေါက်ရောက်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနာလှတဲ့ ပန်းခြံထဲမှာ စက်ဘီးလေးတွေနဲ့ လျှောက်လယ်ရတဲ့ ခံစားမှုမျိုးကို ဒီတစ်နှစ် ရောက်ခဲ့ဖူးပါတယ်။

မွန်းကြပ်တဲ့ စိတ်တွေကို ဖြည့်စည်းပေးတဲ့ ဥယဉ်ကြီထဲ၊ ကား၊စက်ဘီးတွေ နဲ့လည်းလျှောက်လယ်နိုင်ပါတယ်။ ဘုရားများလဲ ဖူးမျှော်နိုင်ပါတယ် ပန်းအလှများကိုလဲ ထူးထူးဆန်းဆန်းတွေ့မြင်နိုင်ပါတယ် ခြံဝန်းကြီးရဲ့ အလှကိုလည်းပဲ မျှော်စင်ပေါ်မှ ကြည့်ရှုနိုင်ပါတယ်။

အလယ်တစ်ခေါက်ရောက်ခဲ့တဲ့ဒီပန်းခြံလေးကို နောက်တစ်ခေါက်ဆိုရင်တော့ ......လေးနဲကဆိုအဆင်ပြေတာပေါ့နော်။

ချင်းမိုင်ကိုရာက်ခဲ့ဖူးတဲသူငယ်ချင်းများကို ဒီနေရာလေးရ ဓါတ်ပုံးလေးနဲ့ အမှတ်တရလေး ဖြစ်ခဲ့ရင် နောက် စိတ်အပန်းဖြေ ချင်စိတ်ရို့ခဲ့ရင် ဒီနေရာလေးကိုလွမ်းမိနေမှ ခတ်ရော့မယ်။

ကျတော့လိုပဲသူငယ်ချင်းများအားလုံး ပျော်ရွင်နိုင်ပါစေ။ ဒီနေရာလေးဟာ ချင်းမိုင်မြို့ကနေ ၊လေယဉ်ကွင်း ကျော် မြောင်းကမ်းနဘေးလေး အတိုင်း မမြို့ပြင်ကို ထွက်သားလိုက်ရင် ကားလမ်းနဘေးလေးမှာ သိပ်ကို ခမ်းနားတဲ့ ဆိုင်းဘုတ်ကြီးနဲ့လမ်းကလေးကိုတွေ့မြင်ရင်နဲ့တင် သွားချင်စိတ်ဖြစ်ပေါ်နေမှာပေါ့။

ဂိတ်ကျေး၊ဝင်ကျေးကိုတော့ ဘတ်၅၀ ဖြစ်ပြီး စက်ဘီးကိုတော့ မှတ်ပုံတင်ဖြစ်ဖြစ် ကပ်လေးတစ်ခုနဲ့ ငှါရမ်းမှသာ ရပါတယ်။ သူငယ်ချင်းများရောက်ခဲ့ရင် ပျော်ရွင်နိုင်ပါစေ။

ချင်းမိုင် ဒွဲအေးထနွမ်း(Doiarnon) သို့အလယ်တစ်ခေါက်


  ချင်းချင်မျို့ရဲ့ အမြင့်ဆုံးအအေးဆုံး ဖြစ်တဲ့ ဒီနေရာလေးမှား ဘယ်လောက်အထိလူတွေစိတ် ဝင်စားကျလဲ ဘာတွေရှိ့လဲဆေိုရင်တော့ ပန်းခြံ၊ရေတံခွန်၊တောင်ပေါ်ရွာလေးတွေမှာ တဲလေးတွေနဲ့ ညအိပ်သွားကျတာမျိုးတွေလဲရှိ့ကျပါတယ် တဲအိမ်လေးတွေကိုလဲ ငှာ့းရန်းလို့ရပါတယ် တောင်ပေါ်ကရွာတွေမှာတော့ ကော်ဖီပင်တွေနဲ့ အသီတွေကို အသင့်လုပ်ပြီးသားတွေ ကော်ဖီစစ်စစ်တွေ ရောင်းပါတယ် ဖျော်ပြီးသားကိုတော့ မြည်းကြည့်လို့ရပါသေးတယ်။

တစ်နှစ်တလေ သိပ်ကိုအအေးချိန်များလွန်းပါတယ် ပန်းပွင့်လေးပေါ်၊သစ်ရွက်လေးပေါ်၊ မြက်ပင်လေးပေါ်မှာတို့ နှင်းပွင့်လေးတွေခဲနေတတ်ပါတယ်။ တစ်ချို့ကတော့ တောင်ခြေကရွာလေးတွေမှာ တဲလေးထိုးပြီးအိပ်ကျတာတွေက မနည်းလှပါဘူး Newyear လို နှစ်သစ်ကူး၊ကြိုဆိုတဲ့နေ့မျိုး အချိန်တွေမှာတော မီပုံထည့်ပြီတော့ တဲလေးတွေကိုစီက ဂစ်တာလေးတွေနဲ့ သီချင်းတွေဖွင့်ပြီးသီချင်းဆိုကျ ကကျ၊ အစားအသောက်တွေချက်စားကင်စားကျနဲ့ သိပ်ကို ပျော်စရာကောင်းပါတယ်။

ဒီဇင်ဘာလ အချိန်ရဲ့နှစ်သစ်ကူးကို စောင့်ရင်းကြိုဆိုကျပါတယ် ၁၂တိတိအချိန်ဆိုရင်တော့(HappyNewyeay) ဆိုပြီးသုံးချိန် လောက်အော်ပြီးမှာ အားလုံးလိုလိုအိပ်ရာဝင်ကျပါတယ်။ နံနက်အချိန်မှာ သိပ်ကိုလှပါတဲ နေထွက်ချိန် ရှု့ခင်းကို ကြည့်ချင်သူတို့ စောစောထပြီး နေအထွက်ကို သွားစောင့်ကြည့်ကျပါတယ် နှင်းမြူခိုးတွေသိပ်ထူထက်တဲ့ခြားမှာ အိမ်းချီချွတ်ပြီ အမှတ်တရ ဓါတ်ပုံရိုက်ကျနဲ့ သိပျော်ရွင်ခဲ့ရပါတယ်။

နောက်ပြီးတော့ စိမ်းလန်းတဲ့ သဘာဝရှု့ခင်းများ ရေညှိပင်များနဲ့ငှက်ကလေးများကို လိုက်ကြည့်ရင်း သစ်တောရဲ့ထဲမှ အေးစက်စက်ခံစားမှုမျိုးကို ခံစားသူများ ဓါတ်ပုံလိုက်ရိုက်သူများလဲရှိပါတယ်။

အဲဒါတွေသွားပြီး ကြည့်ပြီးမှ ဘုရားသွားဖူးကျတာတွေလဲများပါတယ် အပြန်လမ်းမှာတော့ ထိုင်းနိုင်ငံမှာရှိ့တဲ့ မျို့တွေ၊ရွာတွေက ကကားတွေ ဆိုင်ကယ်တွေ နဲ့လာလယ်ကျတာမို့ လမ်းချောင်းကြပ်ပါတယ်။

သိပ်ကိုပေါများတဲ့ကားများကြောင့် အဆင်းကို လမ်းလျှောက်တာက်တောင်မြန်သေးပါတယ် တောင်ပေါ်လမ်းလေးတစ်လျှောက်မှာ ကားတွေကျပ်ပိတ်နေတာကို ကြည့်ရင်း ဒီလောက်တောင်စီကားတာပဲလို့ တွေးရင်းဒီခရီးကို စိတ်ချမ်းသားစွာနဲ့ လျှောက်လှမ်းခဲ့ကျပါတယ်။

ချင်းမိုင်ကိုရှောက်ဖူးရင်တော ဒီလိုနေရားလေးမှာ သူငယ်ချင်းများနဲ့၊ကိုယ့်....သွားရင်တော့ သိပ်ကိုပျော်ဖို့ကောင်းပါတယ်။ သူငယ်ချင်းများအားလုံး ဒီနေရားလေးရောက်ဖူးရင် ကျတော်လိုပဲ ပျော်ရွှင်နိုင်ပါစေ....။

မှတ်ချအနေနဲ့ ဒီနေရာလေးကိုသွားရင် ကင်မယာလေးတော မမေ့နဲ့ နောင်တရမယ်။

တဆောင်မုန်း ဆီမီးပူဇော်ပွဲး မီးမျှော်၊မီးပုံးများ လွှတ်ပွဲ

တဆောင်မုန်း မီးမျှော်ပွဲတော်ကို ကြိုဆိုလို့နေပါပြီး။ ချင်းမိုင်ရဲ့မီးပုံး/မျှော်ပွဲတော်ဟာ သိပ်ကိုပျော်စရာကောင်းပါတယ် သိပ်လည်းစီကားပါတယ်။ လူများကျိပ်ကျိပ်တိုးလောက်အောင် စီကေားပါတယ် ချောင်းကန်းနံဘေးတွေမှာ မီးရူးမီးများနဲ့ ဟိုဘက်ကန်းနဲက ဒီဘက်ကန်း အပြန်အလှန်ပြစ်ဖောက်ကျတာ သိပ်ကိုပျော်ရွှင်မှုရှိပါတယ်။ ဒီလိုအချိန်ဒီလိုအခါဆိုရင် ကိုယ့်မြို့ကိုယ့်ရွာတွေမှာဆိုလဲ ဒေသအလိုက်သိပ်ကိုပျော်ခဲ့ရပါတယ်။ ဒီလိုအချိန်တိုင်း နှစ်တိုင်းမှာ ဒီလိုပျော်ရွှင်မှုလေးတွေ ရရှိ့တဲ့အတွက် သိပ်ကိုစိတ်ကျေနပ်မှုရှိပါတယ်။ နေ့တိုင်းလိုလိုကျတော်တို့ သွားဖြစ်ပါတယ် ဒီလိုနေ့မျိုးည အချိန်ဆို အိပ်လို့အပျော်ပဲ စိတ်ကအဲ့ဒီကိုပဲရောက်နေတော့ နေ့တိုင်းလိုလိုသွားဖြစ်ခဲ့ပါတယ် အခုလည်းပဲ ကြိုတင်စောင့်လို့ စိတ်ကူရင်စဉ်းစားရင်း ကျေနပ်နေခဲ့တာပါ သူငယ်ချင်းများအားလုံးလည်းပဲ ဒီလိုညတွေမျိုးမှာ ညတိုင်းပဲစိတ်ပျော်ရွှင်မှု အပြည့်အဝရရှိ နိုင်ပါစေလို့ စုတောင်းပေးပါတယ်။

မြန်မာ့အားကစား

ကျတော်တို့ မြန်မာပြည်သားလူငယ်တွေ အများဆုံးဆုံဆည်းဖြစ်တဲ့ ဒီ(Lanna)ဘော်လုံးကွင်းလေးဖြစ် ပါတယ်။ မြန်ကာပြည်သား အသင်းများဖွဲ့ပြီး ချိန်းကန် (ကစား)ကျတဲ့ ဒီဘော်လုံးကွင်းလေးမှာ စနေ၊တနင်္ဂနွေနဲ့ လိုမျိုးဆို အများဆုံး အသင်းနဲ့ တချို့ကဒီအတိုင်းလာ အပြောကစား လူလိုတဲ့အသင်းမှာ ခေါ်ရင်ဝင်ကန်နဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ကျပါတယ်။ ငွေကျေးနဲနဲပါ ရေဖိုးလေးကွင်းဖိုး လောက်တော့ ကစားရပါတယ်။
ဒီနေရာလေးဟာ အရမ်းကိုပျော်ဖို့ကောင်းပါတယ် ဒီလိုနိုင်ငံမှာ ဒီလိုလွတ်လွတ်လပ်လပ် နဲ့ ကိုယ့်လူမျိုးတွေ့ အသင်းအဖွဲ့တွေနဲ့ ဒီလို့ ကစားရတာကို ကျေနပ်မိပါတယ်။ အသင်းအဖွဲ့ရှိ့သူများကိုလည်း ဒီကနေဖိတ်ခေါ်ပါတယ်ငွေကျေးတော့ သိပ်များများတော့ မရပါဘူး နဲးနဲးပါးပါးလောက် အဒိကတော့ ကိုယ့် မြန်မာပြည်သားတွေ အခြင်းခြင်းပဲ ကစားချင်းပါတယ် မိတ်ဖြစ်ဆွေဖြစ်ပေါ့။(mr.tukpi@gmail.com)



၁၀.၂၀၁၀ သီတင်းကျွတ်လပြည့်နေ့ ချင်းမိုင်ရှိ့ ရှမ်းဘုပ်ကြီးကျောင်း

ချင်းမိုင်မြို့ သီတင်းကျွတ်လပြည့်နေ့ လေးတစ်နေ့ အမှတ်တရလေးပါ ထိုင်းနိုင်ငံ/ချင်းမိုင်မျို့မှာ အစီကားဆုံး မြန်မာ/ရှမ်းဘုန်းကြေီးကျောင်းဖြစ်ပါတယ် ကျောင်းဝန်း ထဲမှာ ဈေးဆိုင်တွေ ကစားတဲ့နေရာ ဆိုင်တွေ မြန်အသုံးအဆောင်တွေ မြန်မာ/ရှမ်းအစားအစာတွေကို လည်းပဲရေားပါတယ်။ လပြည့်နေ့ဆိုင် လူငယ်လူကြီး မရွေး အားလုံး နေရာအရပ်ရပ်မှာ အလုပ်လုပ်ကျတဲ့ သူတွေ့ အလုပ်သမားတွေ အားလုံးဟာ ဒီလိုနေ့လေးမှာ လာရောက်ဆုံဖြစ်ကျပါတယ်။ အဲ့ဒီမှာပဲ ရပ်ဆွေရပ်မျိုးတွေနဲ့ တစ်ချို့အမှတ်မထင် တွေ့စုံကျရတတ်ပါတယ်။ လူငယ်များဆိုရင်လဲ ပွဲဈေးတန်းလိုမျိုး အလည်သွားတတ်ကျပါယ်။ ခုလို့မျိုးသူများနိုင်ငံမှာ လာရောက်အလုပ်လုပ်ရတာပြီး ဒီလို့ဘာမြန်ဘာနိုင်ငံ/ပြည်သားများ အတွက်ပွဲလမ်း ပျော်ပျော်ရွှင်ရွှင်နဲက ဆုံဆည်းရတာကို ကျေနပ်ဝမ်းသားပါတယ်။ သူငယ်ချင်းများ အားလုံးလည်း ဒီလို နေရာလေးမှာ ငယ်သူငယ်/ရွာသူနယ်ချင်းများနှင့် ဆုံတွေ့ နိုင်ပါစေ အားလုံးပဲ စုတောင်းပေးပါတယ်။

၁၀.၂၀၁၀ သီတင်းကျွတ်လပြည့်နေ့ချင်းမိုင်

သီတင်းကျွတ်လပြည်နေ့ ချင်းမိုင်မြို့ရှိ့ မြန်မာဘုန်းကြီးကျောင်းတွင် အလုပ်သမားများအဖွဲ့မှ ကြာစံဟင်းခါးကြွေး၊လှူပါတယ်။ မြန်မာပြည်သားများ အများအပြားလာရောက်ခဲ့ကျပါတယ် စီကားစွာနဲ့လပြည့်နေ့လေးတစ်ခုဖြစ်ခဲ့ပါတယ် ထိုင်းနိုင်ငံမှာ၊ဒီနိုင်ငံမှာ ဘုန်းကြီးကျာင်းသွားဖို့က သိပ်တော့မလွယ်လှပါဘူးတချို့က အခက်အခဲတွေကြားကနေ လာခဲ့ရပါတယ်။ ဆိုင်ကယ်နဲ့လာလည်း မြန်မာပြည်သားမှန်းသိလို့ လမ်းမှစောင့်ဖမ်း ပြီးဂွင်ရှာတတ်ကျပါတယ် ကျတော်ကိုယ်တိုင်လည်းကျုံခံရပါတယ် ဒါပေမဲ့ သွားဖြစ်အောင်၊လာဖြစ်အောင်လာခဲ့ကျပါတယ် အဲ့ဒါတွေကိုတွေ့ရတယ် တကယ့်ကို ဝမ်းသားမိပါတယ် မြန်မာပြည်မှာဆို လပြည့်နေ့တိုင်း ဘုန်းကြီးကျောင်းကိုသွားတယ် မလှူဖြစ်ရင်တောင်မှ သူများလှူတာကိုစားတယ် ငယ်ငယ်တုန်းက အဲ့အတွက်ကြောင့် လပြည့်နေ့တိုင်း မြန်မာဘုန်းကြီးကျောင်းကို လွမ်းပါတယ်၊သွားချင်ခဲ့ပါတယ် အားလုံးပဲ ပျော်ရွင်နိုင်ကျပါစေ.. ဓါတ်ပုံများ

ရွှေ့ပြောင်းအလုပ်သမားများအတွက် migrant School

Bridging Eaucational Accessto Migrants
BEAM ကျောင်းဟာ အရင်က M.L.C ကျောင်းနဲကအတူတူပါပဲ အခုကျောင်းဟာ နောက်ထက်အသစ်ဖွင့်ထားတဲ့ Migrant School ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အရင်ကတော့ပတိုချင်းမိုင်မှာစဖွင့် ဖြစ်ခဲ့ပါတယ် အခုလက်ရှိမှာတော့ ..ပြန်လည်ဖွင့်လှစ်ထားပါတယ် BEAM ကျောင်းရဲ့သင် ကြားမှုစစ်နစ်မှာတော့ အရင် M.L.C ကျောင်းနဲကခြားနားမှုများရှိပါတယ် ဘာသာရပ်များမှာလည်းပဲ (အင်္ဂလိပ်) အခြေခံကနေ အဆင့်မြင့်အထိရှိပါတယ်။ ကွန်ပျူတာ ကိုလည်း အခြေခံကနေ အဆင့်မြင့်အထိသာဖြစ်ပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်လောက်တဲ့ အထိ သင်ကြားပေးပါတယ်။ (အင်္ဂလိပ်) စာမှာတော့ အခြေခံ စကားပြော အဆင့်ကိုတော့ (နိုင်ငံခြား) အင်္ဂလိပ်ဆရာမက သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဆင့်မြင့်မှာတော့ သက္ကသိုလ်ဝင်ခွင့်အထိ စီစင်ပြီး သင်ကြားပေးပါတယ်။ ကျောင်းတတ်ချင်ပါလျှက်နဲက တတ်ခွင့်မရခဲ့တဲ့သူများအတွက် ရည်ရွယ်ထားပြီးဖွင့်ထားတဲ့ကျောင်း လည်းဖြစ်ပါတယ်။ (အင်္ဂလိပ်ဘာသာရပ်) အဆင့်မြင့်မှာ (၂)လတစ်ကြိမ်စာစစ် စာမေးပွဲကိုဖြေရပါတယ်။ အချိန်ကာလကိုတော့ (၂)နှစ် သက်မှတ်ထားပြီး (စာမေးပွဲ) စာမလိုက်နိုင်သူများကိုတော့ (၃)နှစ်အထိသက်မှတ်ထားပါတယ်။ ဝင်ရောက်တတ်ချင်သူများ အဆင့်တတ်ချင်သူများကို စာမေးပွဲဖြေဆိုခွင့်ပေးထားပါတယ် ။ အတန်းပညာကိုတော့ 9+10 တန်းသာတတ်မှတ်ထားပေမဲ့ မည်သူမဆို ဖြေဆိုနိုင်သူများကို ဝင်ရောက်တတ်ခွင့်ပေးပါတယ်။ (အင်္ဂလိပ်စာ အချိန်ဇယား)

ကွန်ပျူတာ
ကွန်ပျူတာကိုတော့ အခြေခ့ကနေ အဆင့်မြင့်အထိ နှစ်မျိုးခွဲခြားထားပါတယ် အမျိုးအစားကိုတော့ (၂)မျိုးခွဲခြားထားပါတယ်။ Web/Design ဆိုပြီးခွဲခြားထားပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကတော့ ဒီအတတ်ပညာနဲ့ ကိုယ့်မြို့ ကိုယ့်ရွာ၊ အခြားအရပ်ဒေသများမှာလဲပဲ အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်တဲ့အထိ သင်ကြားပေးပါတယ်။ အချိန်ကာလကိုတော့ (၆)လတစ်ကြိမ်သတ်မှတ်ထားပါတယ် ဝင်ရောက်တတ်ချင်သူများကို ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးအချို့ ဖြေဆိုခိုင်းပါတယ် မလိုက်နိုင်သူများကိုတော့ အခြေခံကနေ အချိန်ကလ(သို့မဟုတ်) ကျောင်းသားတွေ အခြေနေ အရေအတွက်ပေါ်မူတည်ပြီး စီစင်ပေးထားပါတယ်။ ကျတော်လည်းပဲ အခု BEAM ကျောင်းက ကွန်ပျူတာသင်ယူနေပါတယ် ကျတော့လိုပဲ သူငယ်ချင်းများအားလုံးကို အခွင်အရေးရစေချင်ပါတယ်။ (အချိန်ဇယား) /(နေရာ၊ လမ်းပြမြေပုံ)

powered by Blogger | WordPress by FThemes | Converted by BloggerTheme