ရွှေ့ပြောင်းအလုပ်သမားများအတွက် migrant School

Bridging Eaucational Accessto Migrants
BEAM ကျောင်းဟာ အရင်က M.L.C ကျောင်းနဲကအတူတူပါပဲ အခုကျောင်းဟာ နောက်ထက်အသစ်ဖွင့်ထားတဲ့ Migrant School ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အရင်ကတော့ပတိုချင်းမိုင်မှာစဖွင့် ဖြစ်ခဲ့ပါတယ် အခုလက်ရှိမှာတော့ ..ပြန်လည်ဖွင့်လှစ်ထားပါတယ် BEAM ကျောင်းရဲ့သင် ကြားမှုစစ်နစ်မှာတော့ အရင် M.L.C ကျောင်းနဲကခြားနားမှုများရှိပါတယ် ဘာသာရပ်များမှာလည်းပဲ (အင်္ဂလိပ်) အခြေခံကနေ အဆင့်မြင့်အထိရှိပါတယ်။ ကွန်ပျူတာ ကိုလည်း အခြေခံကနေ အဆင့်မြင့်အထိသာဖြစ်ပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်လောက်တဲ့ အထိ သင်ကြားပေးပါတယ်။ (အင်္ဂလိပ်) စာမှာတော့ အခြေခံ စကားပြော အဆင့်ကိုတော့ (နိုင်ငံခြား) အင်္ဂလိပ်ဆရာမက သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဆင့်မြင့်မှာတော့ သက္ကသိုလ်ဝင်ခွင့်အထိ စီစင်ပြီး သင်ကြားပေးပါတယ်။ ကျောင်းတတ်ချင်ပါလျှက်နဲက တတ်ခွင့်မရခဲ့တဲ့သူများအတွက် ရည်ရွယ်ထားပြီးဖွင့်ထားတဲ့ကျောင်း လည်းဖြစ်ပါတယ်။ (အင်္ဂလိပ်ဘာသာရပ်) အဆင့်မြင့်မှာ (၂)လတစ်ကြိမ်စာစစ် စာမေးပွဲကိုဖြေရပါတယ်။ အချိန်ကာလကိုတော့ (၂)နှစ် သက်မှတ်ထားပြီး (စာမေးပွဲ) စာမလိုက်နိုင်သူများကိုတော့ (၃)နှစ်အထိသက်မှတ်ထားပါတယ်။ ဝင်ရောက်တတ်ချင်သူများ အဆင့်တတ်ချင်သူများကို စာမေးပွဲဖြေဆိုခွင့်ပေးထားပါတယ် ။ အတန်းပညာကိုတော့ 9+10 တန်းသာတတ်မှတ်ထားပေမဲ့ မည်သူမဆို ဖြေဆိုနိုင်သူများကို ဝင်ရောက်တတ်ခွင့်ပေးပါတယ်။ (အင်္ဂလိပ်စာ အချိန်ဇယား)

ကွန်ပျူတာ
ကွန်ပျူတာကိုတော့ အခြေခ့ကနေ အဆင့်မြင့်အထိ နှစ်မျိုးခွဲခြားထားပါတယ် အမျိုးအစားကိုတော့ (၂)မျိုးခွဲခြားထားပါတယ်။ Web/Design ဆိုပြီးခွဲခြားထားပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကတော့ ဒီအတတ်ပညာနဲ့ ကိုယ့်မြို့ ကိုယ့်ရွာ၊ အခြားအရပ်ဒေသများမှာလဲပဲ အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်တဲ့အထိ သင်ကြားပေးပါတယ်။ အချိန်ကာလကိုတော့ (၆)လတစ်ကြိမ်သတ်မှတ်ထားပါတယ် ဝင်ရောက်တတ်ချင်သူများကို ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးအချို့ ဖြေဆိုခိုင်းပါတယ် မလိုက်နိုင်သူများကိုတော့ အခြေခံကနေ အချိန်ကလ(သို့မဟုတ်) ကျောင်းသားတွေ အခြေနေ အရေအတွက်ပေါ်မူတည်ပြီး စီစင်ပေးထားပါတယ်။ ကျတော်လည်းပဲ အခု BEAM ကျောင်းက ကွန်ပျူတာသင်ယူနေပါတယ် ကျတော့လိုပဲ သူငယ်ချင်းများအားလုံးကို အခွင်အရေးရစေချင်ပါတယ်။ (အချိန်ဇယား) /(နေရာ၊ လမ်းပြမြေပုံ)

1 Response to "ရွှေ့ပြောင်းအလုပ်သမားများအတွက် migrant School"

  1. Unknown says:
    This comment has been removed by a blog administrator.
powered by Blogger | WordPress by FThemes | Converted by BloggerTheme